text stringlengths 8 1.62k | author stringclasses 63
values | book_title stringclasses 143
values |
|---|---|---|
အကျွန်ုပ်၏ ခေါက်ဆွဲ အကြော်ပွဲမှာ သူ့ဘက်သို့ ရောက်ပြီး သူ စားမည့်ပွဲမှာ အကျွန်ုပ်ဘက်သို့ ရောက်နေသဖြင့် မသည် အကျွန်ုပ် ပွဲကို သံပုရာရည် အချဉ် ညှစ်ထည့်ပြီး ကမ်းပေးလေ သည်။ | ဆန်းလွင် | ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်မိသူတစ်ယောက်အကြောင်း |
အခုအခါမှာ သူက ကျွန်မဖုန်းဆက်ပြီး အကျိုးအကြောင်း မေးလာမှာကို ကြိုတင်သိနေပြီး ပြင်ဆင်ထားမည့်သူ။ | ဂျူး | ဆုံနေရက်နဲ့ လွမ်းလေခြင်း |
ကိုယ့်မှာ နားမလည်နိုင်သော ကိစ္စတွေနှင့်သာ ခဏ ခဏ ကြုံရသည်။ | မင်းလူ | ငှက်ကလေး |
ဒါပေမယ့် အတူတူ ဖြစ်မှာပါပဲ ခင်ဗျား ဟိုအရင်တုန်းကရော မာရှိဘအိမ်မှာ ကော်ဖီဖျော်ပေးခဲ့ဖူးလား ဆရာမက တစ်ခါတလေကျရင် ကျွန်မကို ဖျော်ခိုင်းတတ်တယ်။ | ဖြိုးကျော် | ကယ်မတော်မူသော |
ငြိမ်ငြိမ်ကလေး နားထောင်တတ်တယ်။ | မင်းသိင်္ခ | စနေမောင်မောင်ပါဝင်သည့် မဟူရာ |
ဒဿန ဘဝ ဆိုသည်မှာ တခြား မဟုတ်၊ ကမ္ဘာပေါ်၌ ပေါ်ထွန်းပြီးသော အယူ ဝါဒ မျိုးစုံ ဒဿန အဖုံဖုံကို သိနားလည်သူ ဖြစ်အောင် အားထုတ်ခဲ့သော၊ အသက် ၃၅ နှစ် အထိ ဖြစ်သော သက်တမ်း ကာလကို ဆိုလိုပါသည်။ | ဆန်းလွင် | ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်မိသူတစ်ယောက်အကြောင်း |
အို မေဖျားကဆို ဆွန်ယာကို နားချလိုက်တာလေ တတွတ်တွတ်ပဲ၊ ဒါပေမဲ့ မရဘူးကိုကိုရေ့၊ ဆွန်ယာဟာ သူပြောတဲ့စကားကို သူဘယ်တော့မှ မဖျက်ဘူးနော်ကိုကို၊ ဒါတော့ နာတာရှာ ကောင်းကောင်းသိတယ် | မြသန်းတင့် | စစ်နှင့်ငြိမ်းချမ်းရေး(ပထမတွဲ) |
သို့ဖြင့် ခဏကြာပြန်လျှင် ယောက်ျားဝိုင်းနှင့် မိန်းမဝိုင်းသည် ကိုယ့်ဝိုင်းနှင့်ကိုယ် အသီးသီး စကားပြော နေကြပြန်လေသည်။ | မြသန်းတင့် | စစ်နှင့်ငြိမ်းချမ်းရေး(ပထမတွဲ) |
သည်မျှဆိုလျှင် ထားဦးတော့။ | နတ်နွယ် | မြန်မာပြည်မြောက်ပိုင်း |
ချေးတွေတက်ကာ အစိုပြန်နေသည့် စောင်များကိုလည်း ကြုံခဲ့ရဖူးသည်။ | မြသန်းတင့် | ပါရီကျဆုံးခန်း |
နောက်နေ့ နံနက် အလင်းရောင်သန်းသည်နှင့်တစ်ပြိုင်နက် အိပ်ရ ထကာ ခရီးဆက်သည်။ | မောင်ထွန်းသူ | ဆင်ကုန်သည် |
အမှောင် နက်စပြုလျှင်ပင် ကောင်းကင်လယ်မှ လသည် ငြိမ့်ငြိမ့်ကြီးထွက်လာလေသည်။ | ဒဂုန်တာရာ | မြိုင် |
ထို့နောက် ညနေပိုင်းတွင် ဂိုဏ်းအုပ် ဘူဂေက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးသည်။ | မင်းယုဝေ | အိုမာခယမ် |
မကြာမီတွင် ရန်သူများ ဆုတ်ခွာကြသည်။ | နတ်နွယ် | မြန်မာပြည်မြောက်ပိုင်း |
ရက်ကြာတော့လည်း မေ့သွားတာပါပဲ။ | ဖြိုးကျော် | ကိုယ်ကိုစတေး၍ |
နောက်ဆုံးမှာ အေဂျင်စီရဲ့ အမှုဆောင် ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦး ဖြစ်လာတယ်။ | ချမ်းမြေ့ဝင်း | သားရဲစိတ်ဓာတ် |
ယခု သစ်အော်ဒါတွေ ရနေပြီ။ | မြသန်းတင့် | လေရူးသုန်သုန် |
ပရိဘောဂအစ၊ ဝင်းခတ်သည်ကအစ၊ ခြံဝန်းအတွင်း သစ်ပင်ကြီးငယ်များ စိုက်သည်ကအစ ကိုယ်တိုင်ကြပ်မတ် လုပ်ကိုင်ပေးသည်။ | နတ်နွယ် | မြန်မာပြည်မြောက်ပိုင်း |
တရားခွင်မလာမီကပင် ကြာရှည်စွာ နေနိုင်ရန် ဝမ်းသွားခြင်းကို ထိန်းချုပ်ရန် ဆေးဝါးများစွာ သောက်ခဲ့၊ ကြိုတင်ထိုးခဲ့ရသည်။ | မြင့်နောင် | ဒေါက်တာဆီးဂရေ့ဗ်၏တောင်ပေါ်ဆေးရုံ |
ထိုအချိန်၌ မင်းသားကလေးအင်ဒရေသည် အခြားမည်သည့်အရာကိုမျှ မစဉ်းစားမိတော့ဘဲ မိမိအနီး တွင် လူသတ္တဝါဟူ၍ ရှိခြင်းကိုသာတွေးပြီး ဝမ်းသာအားရ လျက်ရှိ၏။ | မြသန်းတင့် | စစ်နှင့်ငြိမ်းချမ်းရေး(ပထမတွဲ) |
တွက်သားကိုက်တယ်။ | သော်တာဆွေ | ကျွန်တော့်ဘဝဇာတ်ကြောင်း |
ရင်ထဲ တလှပ်လှပ် ဖြစ်နေသည်။ | တင်မောင်မြင့် | ပြစ်မှုနှင့်ပြစ်ဒဏ် |
ကျွန်တော့်မှာ အပြန်ကျတော့ ကွယ်လွန်သူအဘိုးကြီးရဲ့ အင်္ကျီ နဲ့သစ်ကိုင်းခြောက်လေးကိုင်ပြီး ဖြစ်ခဲ့သမျှတွေ ပြန်တွေးပြီး ရယ်ရမလို ငိုရမလိုကြီးရယ်။ | ဗြိတိသျှကိုကိုမောင် | ကျွန်တော်နှင့်ပေါ့ပေါ့ပါးပါးဒုက္ခများ |
အစ်ကိုကတော့ တမြို့လုံး လျှောက်သွားပြီး ကြည့်တာပဲ၊ သပိတ်တွေ ဘယ်လိုဖြစ်မယ်ဆိုတာတော့ အစ်ကို မသိဘူးပေါ့။ | မြသန်းတင့် | ပါရီကျဆုံးခန်း |
အကယ်၍ သူ့အနေဖြင့် ကဘားခိုင်းသည့်အ မလုပ်လျှင် သင်္ချိုင်းကုန်းသို့ သွားရဖို့သာရှိတော့သည်။ | မောင်ပေါ်ထွန်း | အကြီးအကဲ |
ကျွန်တော့်ကို ကျွန်တော် တင်းတင်းကျပ်ကျပ် ဆုံးဖြတ်ရပြန် သည်။ | လယ်တွင်းသားစောချစ် | ကျွန်တော်အမုန်းဆုံးကျွန်တော် |
ဒီလောက်ဆိုတော်ပြီထင်တယ်၊ ဘယ်မှာလဲ လမ်းပြ | နိုင်ဦး | ကျောက်စိမ်းမြေ |
ကောင်းမြတ်က ပြောတယ်။ | မင်းလူ | ချစ်မြှားရှင်အစ ချစ်မြှားရှင်အဆုံး |
ပထမဆုံး မွေ့ယာကြီးနှစ်ချပ်သယ်ချလာတယ်။ | ဗြိတိသျှကိုကိုမောင် | ကျွန်တော်နှင့်ပေါ့ပေါ့ပါးပါးဒုက္ခများ |
ဆန်ပြုတ်ရည်ကျဲကို တိုက်သည်။ | နတ်နွယ် | မြန်မာပြည်မြောက်ပိုင်း |
ဆေးတံကြီးကို အားရပါးရရှိုက်ဖွာနေသော ဦးအိုက်စံက ဝင်၍ပြောလိုက်သည်။ | နတ်နွယ် | မြန်မာပြည်မြောက်ပိုင်း |
မောင် တဖြည်းဖြည်း ကျွန်မနှင့်ဝေးကွာသွားသည်။ | ဂျူး | ဆုံနေရက်နဲ့ လွမ်းလေခြင်း |
ခြေရာခံမိဖို့ အခြေအနေ နီးစပ်နေပြီ။ | မင်းလူ | မိညီမ |
လူသားတို့မည်သည် ဘဝတွင်အဖော်လိုစမြဲ။ | ပါပီယွန် | အဝါရောင်နှင်းဆီပန်းပွင့်များ |
လည်ချောင်းတွေ ခြောက်ကာ ရေငတ်သလို ဖြစ်လာ၏။ | မြသန်းတင့် | မမ |
အင်မတန်ခိုင်လုံတဲ့ရပ်ကွက်က ဦးရီးတော်ကြားခဲ့ ရတဲ့အတိုင်းဆိုရင် ဒီကိစ္စကို ရွှေနန်းရှင်မယ်တော်ဖုရား ကိုယ်တိုင်ကလဲ သိပ်စိတ်ဝင်စားနေတယ်လို့ ကြားရတယ်။ | မြသန်းတင့် | စစ်နှင့်ငြိမ်းချမ်းရေး(ပထမတွဲ) |
ဒီလိုလုပ်တာဟာ ယဉ်ကျေးမွန်ရည်မှုကင်းရာရောက်ပြီး တစ်စုံတစ်ခုသော အတိုင်းအတာအရ လိမ်ညာရာလည်းရောက်တယ်။ | မြသန်းတင့် | လူလေးသို့ပေးစာများ |
မိသားစု တစ်စု အတွင်းမှ ကလေးတစ်ယောက် ဖျားနာခြင်းသည် မိသားစု နှစ်ဆယ်အတွင်းရှိ လူတစ်ရာ၏ နှလုံးသားများကို ပူပန်ကြောင့်ကြခြင်း ဖြစ်စေ၏။ | မောင်ထွန်းသူ | ဒေါသမာန် |
တစ်ဦးကိုတစ်ဦး ဇဝေဇဝါ ကြည့်နေကြသည်။ | နတ်နွယ် | မြန်မာပြည်မြောက်ပိုင်း |
ပီယာလို နိုင်ငံရေးအမြင်ရှိ၍ ဝမ်းနည်းခြင်း မဟုတ်။ | မြသန်းတင့် | ပါရီကျဆုံးခန်း |
မနက် အစောကြီး အဖွားကြီး ဘာထလုပ်နေတာလဲ မသိဘူး၊ အိုးသံ ခွက်သံတွေလည်း ကြားရတယ်။ | အကြည်တော် | ဘီလူး |
ဤတဲနန်းအတွင်းသို့ ဝင်ရောက်သွားပြီး ဤသူနှင့် မျက်နှာချင်းဆိုင်ရသောအခါ တော်ရုံတန်ရုံလူများ မဆိုထားဘိ၊ မောင်ရွှေဝါတို့ လူစုပင် ရှိုးတိုးရှန့်တန့် ဖြစ်ရသည်။ | နတ်နွယ် | မြန်မာပြည်မြောက်ပိုင်း |
မောင်လေး ဘာလို့ ဒီစကားပြောတာလဲ။ | တင်မောင်မြင့် | မမရေချယ် |
ဖွန်တိန်တို့ ယာတောသို့ ပထမဆုံး သွားကြည့်ရန် စကားလက်တို့ ဆုံးဖြတ်သည်။ | မြသန်းတင့် | လေရူးသုန်သုန် |
နယ်လီက ဖြူမော့်လက်မောင်းကို ကိုင်ထားတယ်။ | ချမ်းမြေ့ဝင်း | စကားဝါ |
သူတို့သည် သိပြီးဖြစ်သော ဗိုင်းရပ်စ်ပိုး၊ မသိ သေးသော ဗိုင်းရပ်စ်ပိုးတို့ စွဲကပ်ခြင်းကြောင့် ထိုနေရာသို့ ရောက်လာခဲ့ခြင်း မဟုတ်။ | မြသန်းတင့် | အချစ်မိုးကောင်းကင် |
မီးခိုးဝင်သဖြင့် သူ့မျက်လုံးတွင် မျက်ရည်များရှိသည်။ | နတ်နွယ် | မြန်မာပြည်မြောက်ပိုင်း |
သူ့ခြေသလုံးတွေပါ တောင့်လာ၏။ | မင်းခိုက်စိုးစန် | မနက်ဖြန်အစီအစဉ် |
ခါတိုင်းနေ့တွေမှာ ပွဲလျက်ရှာကြပြီဆိုလျှင် တစ်ပတ်မှာလေး ငါးရက်လောက်တော့ ဦးရွှေသီးနှင့်စိန်အေးတို့ကသာ ဘအံ့ထည် တို့မြေးအဘိုးထက် စခန်းကိုစော၍ ရောက်တတ်လေ့ရှိ၏။ | ဖိုးကျော့ | အင်တွဲပွဲ့လျက်အရှာထွက် |
မကြာခဏ ဆိုသလို မူးဝေအော့အန်ချင်သလို ခံစားရသည်။ | လင်းပိုင် | ၂၀၀၁ အာကာသခရီးရှည် |
ဤအတော အတွင်းတွင် မင်းသားကြီးဘိုလကွန်စကီသည် သံရုံးတော် များမှတစ်ဆင့် စာအတန်တန်ပေးပို့၍ အထပ်ထပ် စုံစမ်း ရှာဖွေသော်လည်း သားတော်မင်းသားကလေးအင်ဒရေ၏ အလောင်းကို မတွေ့ရ။ | မြသန်းတင့် | စစ်နှင့်ငြိမ်းချမ်းရေး(ပထမတွဲ) |
ကျွန်မမောင်ကြီး ဓါးပြမဟုတ်ပါဘူး။ | နတ်နွယ် | မြန်မာပြည်မြောက်ပိုင်း |
ကုလားမြို့နား သို့ ကပ်လာပြီဖြစ်သဖြင့် ဖဲင်နီက ရုတ်တရက်ရပ်လိုက်ကာ သူ့ကိုလှမ်းကြည့်သည်။ | မြသန်းတင့် | ချစ်သော ယွန်းခင်ခင် |
မောင်မိုးသူလည်း ဘာသာပြန်ရမယ့် စာအုပ်ကို နှစ်ကြိမ်တော့ ဖတ်ပြီးသားပါ။ | မောင်ပေါ်ထွန်း | အကြီးအကဲ |
ကျွန်မ မောင့်ကို လှည့်ကြည့်လိုက်သည်။ | ဂျူး | ဆုံနေရက်နဲ့ လွမ်းလေခြင်း |
ဦးလေးမောင်မောင်ကြီးက ခေါင်းတညိတ်ညိတ် လုပ်နေသည်။ | မင်းလူ | ငှက်ကလေး |
ဟူ သော သီချင်းနှင့် ဂုဏ်ပြုခံရသူဖြစ်သည်။ | သော်တာဆွေ | ကျွန်တော့်ဘဝဇာတ်ကြောင်း |
မေမေက ပြုံးသည်။ | ဂျူး | ဆုံနေရက်နဲ့ လွမ်းလေခြင်း |
ပြီးလည်းပြီးရော ပိုက်ဆံပေးမယ်ဆိုမှ စက္ကူစုတ်တွေ ထုတ်ပေး တယ်။ | မင်းသိင်္ခ | စနေမောင်မောင်ပါဝင်သည့် မဟူရာ |
လူသား ဘဝကို အဆုံးသတ် ချီးမြှောက်ကယ်တင်သော ခေတ်ကြီးရောက်လာပြီဟု ကဗျာဆရာတွေ ယုံကြည်သည်။ | တက္ကသိုလ်ဘုန်းနိုင် | ချစ်သူ့အိမ်အမိုးနောက်မှာ လပျောက်ခဲ့ခြင်း |
သည့်ထက် မြင့်နိုင်လျှင် ဘယ်လောက် ကောင်းလိုက်မလဲ။ | တင်မောင်မြင့် | ပြစ်မှုနှင့်ပြစ်ဒဏ် |
အချို့လူများသည် တကယ်ပင် နေ့ချင်းညချင်း သူဌေး ဖြစ်သွားကြသည်။ | နတ်နွယ် | ကမ္ဘာ့စာပေ တစေ့တစောင်း |
အိပ်ရာတွေမှာ ကြေမွတွန့်လိပ်လျက်။ | တင်မောင်မြင့် | နွေကန္တာ |
နောက် တစ်ယောက်ကတော့ စိန်ရွှေ လက်ဝတ် ရတနာတွေ ပြိုးပြိုးပြက်ပြက် ဆင်မြန်းထားသော မိန်းမကြီး တစ်ယောက် ဖြစ်၏။ | မင်းလူ | နှလုံးသား ၃၈၀ ၅၄ |
ယန်ကီများက အကြမ်းဖက် နှိမ်နှင်း ဦးမည်လော။ | မြသန်းတင့် | လေရူးသုန်သုန် |
အိမ်သာနားမှာ ချော်လဲရာကြီးတွေ တွေ့ တယ်၊ သိလား | နုနုရည်အင်းဝ | အိပ်နေရင်ညနိုးနေရင်နေ့ |
သူတို့ကို လအနည်းငယ် အတွင်း အမေရိကန် အစိုးရက မှတ်ပုံ တင်ပေးလိုက်ပြီး ပြင်သစ်တို့ကိုမူ နောင် နှစ်အနည်းငယ် ကြာမှ မှတ်ပုံ တင်ပေးခဲ့ကြသည်။ | မြသန်းတင့် | အချစ်မိုးကောင်းကင် |
မင်း တော်တယ်၊ သန့်ရှင်းရေးဆိုတာ ဒီလို အမြစ်လှန်လုပ်မှပေါ့ | လင်းခါး | ရေသေအိုင် |
မစ္စက် မယ်ရီဝယ်သာက မေမေ့ထံ နောက်ထပ် စာတစ်စောင် ရေးလျှင် ပြဿနာ တက်နေဦးမည်။ | မြသန်းတင့် | လေရူးသုန်သုန် |
တစ်ခုခုနဲ့ ချိတ်မိအောင် ထပ်ကြိုးစားကြည့်ကြတာပေါ့ | ထူးဆွေအောင် | စလုံးရေစ |
ကျွန်တော်တို့ အစုစပ် ကြေးကုန် ကူးရာမှာလည်း သူ့ကို တန်းတူ ရှယ်ယာထား၍တွက်၏။ | သော်တာဆွေ | ကျွန်တော့်ဘဝဇာတ်ကြောင်း |
သံဘူးနှင့်ထည့်၍ သူ့ဘောင်းဘီခါးကြားမှာ အမြဲမပြတ် လိပ်ထား၏။ | သော်တာဆွေ | ဤလောကမြေမဟီဝယ် |
ဥပမာအားဖြင့် ကုမ္ပဏီကိုအများပိုင်ပြုခြင်း၊ အစုရှယ်ယာနဲ့ ရပိုင်ခွင့်အသစ်တွေ ထုတ်ပေးခြင်းတို့ မလုပ်မီကာလ၊ ဒါမှမဟုတ် ဘဏ္ဍာရေးနှစ် အတွက် စာရင်းများပိတ်သိမ်းခြင်း မပြုမီကာလတွေပဲ ဖြစ်ပါတယ်။ | ဝင်းသန်းဦး | စီးပွားရေးစီမံခန့်ခွဲမှုနှင့်ဆွန်ဇူး၏စစ်ရေးဗျူဟာ |
ကျွန်မတို့ ရောက်တော့ အခြေအနေ မကောင်းတော့ပါဘူး။ | မြသန်းတင့် | လေရူးသုန်သုန် |
သို့သော် ဆာဘားရိုးသည် မကျန်းမာ၍ ကာလကတ္တားမြို့၌ ဆေးဝါးကုသနေရသဖြင့် သူ့ကိုယ်စား သူ့ပြည်နယ်၏ အခြေအနေကို လက်ထောက်အရာရှိက အစီရင်ခံသည်။ | မောင်ပေါ်ထွန်း | သန်းခေါင်ယံလွတ်လပ်ရေး |
သီချင်းခွေ ရောင်းရငွေမှာ ယန်း ၁၀၀၀၀ ဖြစ်ပြီး ကျန်ငွေမှာ နှစ်ကူးအန်ပေါင်းထဲမှ သုံး၍ မကုန်သေးသော လက်ကျန်ငွေ ဖြစ်သည်။ | ဖြိုးကျော် | ဖြေသိမ့်ရာကုန်စုံဆိုင် |
ကျွန်တော်တို့ ဆွေမျိုးသစ်များ အကျွမ်းတဝင် ဖြစ်ကြပြီးနောက် တင့်တယ်နှင့်လည်း မိတ်ဆက်ပေးလိုက်ပါ၏။ | သော်တာဆွေ | ကျွန်တော့်ဘဝဇာတ်ကြောင်း |
မာ့က်စ်မတိုင်မီက ပေါ်ပေါက်ခဲ့သောဓနရှင်များက တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။ | မြသန်းတင့် | အနုပဋိလောမ ရုပ်ဝါဒ |
ဦးလေးမောင်မောင်ကြီးက အကျယ်ကြီး ရယ်လိုက်သည်။ | မင်းလူ | ငှက်ကလေး |
သူ့တွင် ထိုငါးပြားတန် ပေတံကလေး နောက်တစ်ချောင်း ပါလာပါသည်။ | မင်းလူ | သာဓုအင်ဆန်းစ် |
သွေးအေးအေးဖြင့် ထောင့်စေ့စေ့ စီမံ အုပ်ချုပ်သွားသည်ကို တွေ့ရ၏။ | တင်မောင်မြင့် | နွေကန္တာ |
ရှမ်းပြည်နယ်တွင်းရှိ ဆေးရုံများကို ကြီးကြပ်အုပ်ချုပ် ပေးပါရန် စော်ဘွားအားလုံးက တညီတညွတ်တည်း တောင်းဆိုသည်ဟု ပြောပြပါသည်။ | မြင့်နောင် | ဒေါက်တာဆီးဂရေ့ဗ်၏တောင်ပေါ်ဆေးရုံ |
တက္ကသိုလ်တွင် ကျွန်တော် တက်ရောက်သင်ကြားခဲ့စဉ်က ကျွန်တော့်အား စာပေသင်ကြားပို့ချခဲ့သော တက္ကသိုလ်ဆရာမတစ်ဦးလော။ | မြသန်းတင့် | ကျွန်တော်ဆက်၍ရေးချင်သောဝတ္ထုများ |
ကုလားထိုင်ပေါ်တွင် ပြန်ထိုင်၏။ | မြသန်းတင့် | လေရူးသုန်သုန် |
ကြယ် တာရာတွေအကြား ဆက်သွယ်သွားလာမယ့် သက်ရှိမျိုးစေ့တွေ ပါဝင်တဲ့အာကာသယာဉ်တွေ စီးနင်းပြီး ပရော့ဆီမာဆန်တိုရီကြယ်တာရာတွေ၊ သူ့ကိုလှည့်ပတ်နေ တဲ့ ဂြိုဟ်တွေဆီ ရောက်ရှိကြမှာ ကျွန်တော်တို့တွေ မဟုတ်နိုင်တော့ပါဘူး။ | ညီနောင် | စကြဝဠာခရီးသည် |
သူ အရှင်ဘုရား၏ တပည့်သာဝကအဖြစ် ခံယူလိုက်ပါပြီ။ | ပါရဂူ | သိဒ္ဓတ္ထ |
ဖြိုးမျက်နှာမည်းခနဲဖြစ်သွားကာ တက်တစ်ချက် ခေါက်လိုက်လေသည်။ | ဂျူး | ကြာတော့သည်လည်း မောင့်စကား |
ဥရောပမြို့ကြီးများ၏ လမ်းမများတွင် စစ်ဖိနပ်သံများနှင့် ရဲရဲတောက် နိုင်ငံရေး ကြွေးကြော်သံများဖြင့်သာ ပဲ့တင်ထပ်လျက် ရှိနေကြသည်။ | မောင်ပေါ်ထွန်း | သန်းခေါင်ယံလွတ်လပ်ရေး |
လှောင်ပြောင်ချင်တာလား အနိုင်ရသူတစ်ယောက်ရဲ့ ဝံ့ကြွားမှုလားတော့မသိ။ | မင်းခိုက်စိုးစန် | မနက်ဖြန်အစီအစဉ် |
မိသားစုအတွင်း အကြီးအကျယ် သောကရောက်စရာ ကိစ္စ ဖြစ်လိမ့်မည်ဟု ဟော သော်လည်း ဦးစောက ထိုခရီးကို ထွက်ဖြစ်အောင် ထွက်သည်။ | သင့်လူ | နားစွင့်ကြားဟန်ရင်ခုန်သံ |
စုံထောက်ဝတ္ထုဟာ အရင်းရှင်စနစ်ရဲ့ ဖွားဖက်တော် ဖြစ်တယ်။ | မြသန်းတင့် | ကျွန်တော်ဆက်၍ရေးချင်သောဝတ္ထုများ |
လူငယ်ကိုအထက်စီးနဲ့ပဲပြောရမယ်။ | သုမောင် | ဪ ဒါနဲ့ စကားမစပ် |
သည်ကနေ့ တစ်နှစ်ပြည့်ခဲ့ပြီ။ | ခင်ခင်ထူး | ဝတ်လဲတော်ရွှေပုဆိုး တန်းထို့လို့ကြိုမယ် |
တိတ်တိတ်ကလေး ပြန်လှည့်ပြေးရ ကောင်းမလားပဲ။ | တင်မောင်မြင့် | နွေကန္တာ |
အိရှိဂါမိသည် သူ့အခန်းပြတင်းပေါက်မှ အားလုံးကို လှမ်းမြင်နေရသည်။ | ဖြိုးကျော် | ကိုယ်ကိုစတေး၍ |
မြင်မိသေးလား ဟင့်အင်း သူက ခေါင်းငုံ့လျက် ပြောသည်။ | ဖြိုးကျော် | ကယ်မတော်မူသော |
သို့ရာတွင် အေးသန်းပြောနေတာကို ကျွန်ုပ်သဘောပေါက်သည်။ | နိုင်ဦး | ကျောက်စိမ်းမြေ |
သူဟာ သိုးတစ်အုပ်နဲ့ အလဲခံရတဲ့ အာရပ်တောင်ပေါ်သူ လုံမလေး တစ်ယောက်လို ရွေးချယ်ဖို့ အလွန် လမ်းနည်းပါးသွားပြီး သူများရွေးမှ၊ သူများက စင်တော်ကောက်မှ ထင်ပေါ်မယ့် ဘဝမျိုး ရောက်သွားပြီပေါ့။ | မြသန်းတင့် | မိန်းမတို့အကြောင်း |
ရှေးဟောင်းပစ္စည်းလို့တောင် ပြောလို့ရတယ်။ | ချမ်းမြေ့ဝင်း | သံလွင် |
ဟူစိန်နီမိသားစုများနှင့် ကောက်ဂျီ၏တပ်များ စစ်ပြင်နေကြသည်ကိုတွေ့မြင်ရ၍ အလွန်အမင်း စိုးရိမ်လာကြသည်။ | မောင်ပေါ်ထွန်း | အကြီးအကဲ |
မြန်မာ စာပေ Corpus (MYLT Corpus) 🇲🇲📚
✨ ခြုံငုံဖော်ပြချက် (Overview)
ဤ မြန်မာ စာပေ Corpus (MYLT Corpus) သည် မြန်မာဘာသာစကားဖြင့် ရေးသားထားသော စာအုပ်နှင့် ဝတ္ထုရှည်များစွာမှ စာသားများကို စုစည်းသန့်စင်ထားသော အထွေထွေ Corpus ဖြစ်ပါသည်။ အဓိကအားဖြင့် မြန်မာ NLP (Natural Language Processing) နယ်ပယ် တိုးတက်ရေးအတွက်၊ အထူးသဖြင့် Language Model များ၊ Text Generation နှင့် Text Classification စသော လုပ်ငန်းများတွင် သုတေသနပြုရန် ရည်ရွယ်ပါသည်။
🎯 ရည်ရွယ်ချက်နှင့် အသုံးပြုမှု (Intended Uses)
- အဓိက ရည်ရွယ်ချက်: မြန်မာဘာသာစကားသုံး NLP Model များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် သုတေသနနှင့် ပညာရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုရန်။
- ရည်ရွယ်သည့် Tasks များ: Language Modeling (ဥပမာ- BERT, GPT), Text Classification, Sentiment Analysis စသည်တို့။
🛑 မူပိုင်ခွင့်နှင့် အသုံးပြုမှုဆိုင်ရာ သတိပေးချက် (Copyright and Usage Disclaimer)
ဤ Dataset ကို အသုံးပြုသူတိုင်းသည် အောက်ပါ စည်းကမ်းချက်များကို တိကျစွာ လိုက်နာရန် တာဝန်ရှိပါသည်။
1. စီးပွားဖြစ်လုံးဝမသုံးရ (Strictly Non-Commercial - 🚫 NC)
ဤ Dataset၊ သို့မဟုတ် ဤ Dataset မှ လေ့ကျင့်ထားသော Model များအား စီးပွားဖြစ် ရည်ရွယ်ချက် (ငွေကြေးအရ အကျိုးအမြတ်ရယူရန်) အတွက် အသုံးပြုခြင်းကို လုံးဝ တားမြစ်ပါသည်။
2. ခွင့်ပြုချက် လိုအပ်ခြင်း (Permission Required - 🔒)
မူရင်းစာသား အကြောင်းအရာများသည် သက်ဆိုင်ရာ စာရေးဆရာများ၊ ဘာသာပြန်ဆိုသူများနှင့် ထုတ်ဝေသူများ၏ ဉာဏမူပိုင်ခွင့် (Copyright) အောက်တွင် တည်ရှိပါသည်။
- ဤ Dataset ကို သုံးစွဲသူများသည် ၎င်းတို့၏ သုတေသနရလဒ်များ သို့မဟုတ် Model များကို တရားဝင် ထုတ်ဝေခြင်း (Deployment) မပြုမီတွင် မူရင်းစာရေးဆရာ သို့မဟုတ် ထုတ်ဝေသူများထံမှ အသုံးပြုခွင့် (Permission) ကို ကိုယ်တိုင် ရယူရန် လိုအပ်ပါသည်။
- ဤ Repository သည် မူပိုင်ခွင့်ဆိုင်ရာ တာဝန်ယူမှုမရှိဘဲ၊ ပညာရေး သုတေသန ရည်ရွယ်ချက်ဖြင့်သာ စုစည်းထားခြင်း ဖြစ်ပါသည်။
3. ကိုးကားရမည် (Attribution - ✍️ BY)
သုတေသန စာတမ်းများ သို့မဟုတ် Project များတွင် အသုံးပြုပါက မူရင်းစာရေးဆရာ (Author Field) နှင့် ဤ Dataset Repository ကို ရှင်းလင်းစွာ ကိုးကားဖော်ပြရမည်။
📊 Dataset ဖွဲ့စည်းပုံ (Data Structure)
Dataset ကို စာအုပ်အလိုက် JSON Lines (.jsonl) ဖိုင်များအဖြစ် ခွဲခြားထားပြီး၊ အောက်ပါ Fields များ ပါဝင်ပါသည်။
| Field Name | ဖော်ပြချက် |
|---|---|
text |
သန့်စင်ပြီး ဝါကျတစ်ကြောင်း (မြန်မာစာ)။ |
author |
မူရင်းစာရေးဆရာ/ဘာသာပြန်သူ အမည်။ |
book_title |
မူရင်းစာအုပ်အမည်။ |
📚 အရင်းအမြစ်စာအုပ်များ (Source Books)
Dataset တွင် ပါဝင်သော စာအုပ်များနှင့် Row အရေအတွက် အသေးစိတ်ကို အောက်တွင် ဖော်ပြထားသည်။
- Downloads last month
- 21