Datasets:
my stringlengths 22 415 | en stringlengths 14 410 | zh stringlengths 4 512 |
|---|---|---|
မြို့နေလူထုသည် မန္တလေးတောင်နှင့် ကျုံးဘေးများတွင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားနည်းများ ပြုလုပ်လေ့ရှိကြသည်။ | City residents often walk, cycle, and engage in physical exercise around Mandalay Hill and the moat. | 城市居民经常步行,骑自行车,在曼德莱山和河沟周围进行运动. |
စက်ရုပ်ဆိုသည်မှာ စက်မှု သို့မဟုတ် လူသားတို့ အတုအယောင်ပြုလုပ်ထားခြင်းဖြင့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်သော အရာဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ | A robot can be defined as a machine that performs tasks, either mechanically or through artificial human imitation. | 机器人可以被定义为一个机器,可以通过机械或人工模仿人类来执行任务. |
အယ်နီဟာ လှပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးဖြစ်မှာ အသေအချာပါ။ | Annie is definitely a beautiful and charming girl. | 安妮绝对是一个美丽而迷人的女孩. |
အင်း ဖြစ်နိုင်ပါတယ်လေ၊ အဲဒီလို တစ်ခါမှ စဉ်းစားမကြည့်မိဘူး။ | Hmm, I suppose it's possible. I've never considered that before. | 我想这是可能的,我从来没有考虑过. |
အဲ့ဒီမှာ လန်ဘား စည်သူမောင်က စက်ဘီးလေး ကောက်ဆွဲပြီး ထထွက်တာပဲ။ | At that point, Lamba Sithu Maung grabbed a bicycle and rode off. | 拉姆巴·西图· (Lamba Sithu Maung) 拿起一辆自行车,开车离开. |
လက်တွေ ခြေတွေ ဓာတ်လိုက်သလိုပဲ ဖျင်းကနဲဖြစ်သွားတယ်။ | My hands and feet suddenly went numb, like I'd been electrocuted. | 我的手和脚突然麻木,好像我被电击. |
ခုတော့ အဲဒီ ဟွန်းဆိုတဲ့လူ အကြောင်းကို စုံစမ်းခိုင်းထားတယ် | Now, I've asked someone to investigate that person named Hoon. | 现在,我要求某人调查那个名叫胡恩的人. |
ကျွန်တော်က လက်ခံရန် ငြင်းဆန်သောအခါ အချို့က စိတ်ဆိုးကြသည်။ | When I refused to accept it, some people got angry. | 当我拒绝接受时,有些人很生气. |
ရပ်စ်ကိုလ်နီကော့ဗ်က စိတ်လှုပ်ရှားစွာဖြင့် ပြောချလိုက်သည်။ | Raskolnikov said excitedly. | 拉斯科尔尼科夫兴奋地说. |
အောက်ပါအပြောမျိုး တစ်ခုခု သင်ပြောမိလာမှာကို သတိထားမိလာ တယ်။ | You realize that you start saying something like the following statement. | 你意识到你开始说这样的话: |
သိန်းနိုင်သည် ခေါက်ဆွဲတောင်းကြီးကို မနိုင့်တနိုင် မ လာသည်။ | Thein Naing laboriously carried the large basket of noodles. | 宁辛苦地携带了大篮子里面的面条. |
ဘာပြုလို့ မင်းကိုယ်မင်း အပြစ်ရှိအောင် လုပ်နေရတာလဲ ရော့ဒ်ယာ | Why are you making yourself guilty, Rodya? | 你为什么要让自己有罪,罗迪亚? |
လော်ရာက ဒေါသကင်းစင်သော မျက်လုံးများဖြင့် သူ့ကို ကြည့်နေသည်။ | Laura was looking at him with eyes devoid of anger. | 劳拉看着他没有愤怒的眼睛. |
သူ ဘာလို့ ဒီလို လုပ်ရတယ် ဆိုတာလည်း ဆွန်ညာ့ကို ပြောပြတယ်။ | He also told Sonya why he had to do this. | 他还告诉索尼为什么要这样做. |
သို့သော် ကျွမ်းကျင်မှုတွင်တော့ အများကြီး တိုးတက်လာပါပြီ။ | However, he has greatly improved in skill. | 然而,他的技巧已经大大提高了. |
ဒါကြောင့်လည်း သူတို့နှစ်ယောက် တွဲဖြစ်နေကြတာ ဖြစ်ပါလိမ့်မည်။ | That is probably why the two of them ended up together. | 这可能是他们最终结合在一起的原因. |
သူ့ လက်ထဲသို့ ဓားတုံးတုံး သွားထည့်ပြီး စိတ်ချလက်ချ နေ၍ မရ။ | I cannot feel at ease putting a dull knife in his hand. | 我不愿意把一把枯燥的刀放在他的手里. |
ဘယ်လောကဓံ တရားမျိုးနဲ့ ကြုံရကြုံရ မညှိုးတဲ့ တရားမျိုးပေါ့။ | It's the kind of principle that never fades, no matter what kind of worldly experience you face. | 这种原则永远不会消失, 不管你面临什么样的世俗经历. |
သူ့ ဘိုင်အိုမှတ်စုများကိုပြသည့်အခါ သူမ ရယ်ချင်သွား လေသည်။ | She felt like laughing when he showed her his bio notes. | 当他向她展示他的简历时,她想笑. |
ခဏအကြာမှ မြရီ၀င်းသည် စာရွက်တစ်ရွက်ကို ကိုင်ပြီး ထွက်လာသည်။ | A moment later, Mya Yi Win came out holding a piece of paper. | 一瞬间,Mya Yi Win拿着一张纸出来. |
သူတို့ဓာတ်သဘောချင်း မည်သို့ခြားနားသည်လဲတော့ ကျွန်တော် မသိ။ | I don't know how their respective properties differ. | 我不知道它们的属性如何不同. |
ကျွန်တော် တစ်လုံးချင်း ခပ်ပိုင်ပိုင်ကြီး ပြောချလိုက်ပါသည်။ | I stated it firmly, word by word. | 我坚定地说,一句一句. |
ထို့ကြောင့် လီနင်က အောက်ပါအတိုင်း ရေးခဲ့ခြင်း ဖြစ်ပေသည်။ | That is why Lenin wrote as follows. | 这就是为什么列宁写道: |
ကောင်းချီးသြဘာပေးသံများ လည်း ပိုမိုကျယ်လောင်လာခဲ့ကြလေပြီ။ | The sounds of blessings and cheers also became louder. | 祝福和欢呼的声音也变得更加响亮. |
ထို့ကြောင့် အာရုံအပြောင်းအလဲဖြစ်အောင် လမ်းထွက်လျှောက်သည်။ | Therefore, he went out for a walk to change the scenery. | 因此,他出去散步,改变风景. |
သို့မဟုတ် မောင့်လက်ဖျားလေးကို ဖြစ်ဖြစ် ထွေးဆုပ်လိုက်ရမလား။ | Or should I at least grab and clutch your fingertips? | 或者我至少要抓住你的手指尖? |
တစ်ခုခုတော့ လွဲမှားနေပြီ ဖြစ်ကြောင်း ကုစာနာဂိ ခံစားနေရသည်။ | Kusanagi felt that something was wrong. | 库萨纳吉觉得有些问题. |
ပုလင်းထဲ မှ အိပ်ဆေးများသည် မြေကြီးပေါ်သို့ ဖိတ်စင်ကုန်သည်။ | The sleeping medicine from the bottle spilled onto the ground. | 瓶子里的睡眠药倒在地上. |
ဒီလိုနှင့် အသောက်များပြီး အကန့်အသတ်မရှိ ဖြစ်သွားတော့သည်။ | And so, the drinking increased and became limitless. | 因此,饮酒量越来越多, |
မေမေ့အပေါ်မှာ အပြစ်တင် စကားမျိုး မပြောသည့်အတွက် အံ့ဩရသည်။ | I was surprised that he didn't say any blaming words towards my mother. | 我很惊他没有对我母亲说任何责备的话. |
တစ်ခါတစ်လေ ညဘက် အိပ်ခါနီးမှာ တစ်ခေါက်သွားကြည့်လိုက်သေးတာ။ | Sometimes, I even went to look at it once just before going to sleep at night. | 有时,我甚至在晚上睡觉前去看一下. |
ဒီနှစ်တွေ အတောအတွင်း ကျွန်တော် အပြင်မှာ မရှိပါဘူး ခင်ဗျာ။ | I was not outside during these years, sir. | 在这些年里,我没有出门,先生. |
အခန်းထဲ အသာဝင်ပြီး ဆိုဖာပေါ် ခါတိုင်းလိုပင် ပစ်လှဲလိုက်သည်။ | He quietly entered the room and threw himself onto the sofa, as usual. | 他安静地进入房间,把自己扔在沙发上,像往常一样. |
တွမ်၊ အမေနှင့် အဖေဂျုတ်တို့သည် ကားရှေ့ခန်းထဲ၌ နေရာယူကြသည်။ | Tom, Mother, and Father Jute took their places in the front seat of the car. | 姆,母亲和父亲朱特坐在车前座位上. |
ကျုပ်အနေနဲ့ ခင်ဗျားဘက်က အမြဲတမ်း ရှိနေတယ်လို့ သဘောထားပါ။ | Please consider that I am always on your side. | 请记住,我总是站在你的身边. |
ရာမသည် ဦးလှည့်မြဲ ဖြစ်ကြောင်း ဗဟို စခန်းမှ သတင်း ပို့သည်။ | The central camp reported that Rama was still in the lead. | 据中央营地报道,拉马仍然领先. |
သည်ကောင်တွေက မမရေချယ့်အနားတွင် အရိပ်ပမာ လိုက်ကပ်နေကြသည်။ | These guys are sticking to Ma Ma Yay Chel like shadows. | 这些人像影子一样坚持着马马雅. |
ဤအစီအစဉ်များအားလုံးသည် ဖိုးလျော့၏အစီအစဉ်များပင် ဖြစ်လေသည်။ | All these plans were Pho Lyot's plans. | 这些计划都是Pho Lyot的计划. |
ဇော်ပိုင်က အဲဒီစကားကိုပဲ နှစ်ခါ သုံးခါ ထပ်ပြီး ပြောနေတယ်။ | Zaw Paing kept repeating the same words two or three times. | 平一直在重复同一个词两三次. |
သူ့အဖေက မိအောင်ဖမ်းလိမ့်မည်ဟု သားကြီးက စိတ်ချယုံ ကြည်သည်။ | The eldest son was confident that his father would catch him. | 长子相信他的父亲会抓住他. |
ဟောဒီမှာ ကျောင်းသားသစ်တစ်ယောက် ရောက်လာပြန်ပြီ မစ္စက်ဘက်တယ်။ | Here comes another new student, Mrs. Betts. | 这里又有一个新学生,贝茨夫人. |
Supervised machine learning ဟာ ခေတ်မီဆန်းသစ်တဲ့ deep learning models တွေရော၊ စက်မှုလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေဆဲဖြစ်တဲ့ traditional ML models အများအပြားကိုပါ မောင်းနှင်ပေးနေတာပါ။ | Supervised machine learning powers both state-of-the-art deep learning models and a wide array of traditional ML models still widely employed across industries. | 监督式机器学习既支持最先进的深度学习模型,也支持广泛的传统机器学习模型, |
အမျိုးသမီးကြီးကို ဆွန်ညာ့ ဇာတ်လမ်းအားလုံး ပြော လိုက်တယ်။ | Sonya told the old woman the entire story. | 索尼亚告诉老妇人整个故事. |
ဒါမှမဟုတ်ရင်လည်း ရေကြောင်းမှားလာလို့ ဖြစ်ချင်ဖြစ်မှာပေါ့။ | Or maybe they came the wrong way by sea. | 也许他们通过海路走错了路. |
ကျွန်မ သူ့ကို သတိပေးလိုက်ခြင်းဟု ကိုယ့်ကိုယ်ကို ခံစားရသည်။ | I felt that I was giving him a warning. | 我觉得我给他一个警告. |
ဒါနဲ့တောင် မမျှော်လင့်တာမျိုးနဲ့ကြုံပြီး ခံရတတ်တာ ရှိသေးဗျ။ | Even with that, there are times when you encounter the unexpected and suffer, you know. | 尽管如此,有时你会遇到意想不到的事情, |
ကဗျာစုလို့ ခေါ်ရတာက ကဗျာတွေ အများကြီးကို ပေါင်းထားလို့ပဲ။ | It is called a collection of poems because it combines many poems. | 它被称为诗集,因为它结合了许多诗. |
ပြီးတော့ ကျွန်တော် ဝယ်ထားတာတွေက အားလုံး လိုင်စင် ပါပြီးသား | And all the things I bought already have licenses. | 所有我买的东西都已经有许可证了. |
သူ ညွှန်ပြ သောသူမှာ မအူပင်နယ်မှ ဦးဘကောင်းဆိုသူ ဖြစ်လေသည်။ | The person he pointed to was U Ba Kaung from the Ma-ubin area. | 他指的是来自Ma-ubin地区的U Ba Kaung. |
ကျွန်တော် ကိုယ်တိုင် ကလေးတွေအကြိုက် ကူညီ ပြင်ဆင်ပေးသေးတာ။ | I even helped decorate it myself to the children's liking. | 我甚至帮助自己装饰它, |
ပထမဥပဒေနှင့် ဒုတိယဥပဒေတို့အပေါ် ဒွိဟဖြစ်စရာ ကြုံလာသည်မှလွဲလျင် စက်ရုပ်သည် ကိုယ်ပိုင်တည်ရှိနေမှုအား ကာကွယ်ရမည်။ | A robot must protect its own existence as long as such protection does not conflict with the First or Second Law. | 机器人必须保护自己的存在, 只要这种保护不违反第一或第二条法则. |
ဘာပဲဖြစ်ဖြစ် သူ မြမြကို ပြောစရာတွေ တနင့်တပိုး ရှိနေခဲ့သည်။ | In any case, he had a lot to say to Mya Mya. | 无论如何,他对Mya Mya有很多话要说. |
စကားလက်သည် အပေါ်ထပ်က ဆင်းလာမည့် ခြေသံကို နားစွင့်ထောင်သည်။ | Sakarlat listened intently for footsteps coming down from upstairs. | 萨卡拉特密切地听着从楼上下来的脚步. |
ရိုစာဟန်သည် အမေ့အား တိုးတိုးကလေး ကပ်၍ စကားပြောလျက် ရှိသည်။ | Rosa Han was leaning in and whispering to her mother. | 罗莎·汉 (Rosa Han) 腰向母亲低声说: |
အမေသည် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် တွမ်၏ အမေးကို ဖြေသည်။ | Mother answered Tom's question with a confused expression. | 母亲用一个困惑的表情回答了姆的问题. |
အာဆူလာသည် အီဘရာဟင်အား ရေချိုးဇလားကြီးထဲသို့ ဖေးမ၍ချပေးသည်။ | Ursula helped Ibrahim into the large bathtub. | 乌苏拉帮助伊布拉欣进入大浴. |
မောင်ရွှေဝါက သူ့အစ်ကိုအကြောင်း မကျဉ်းမကျယ် ပြောပြလိုက်သည်။ | Maung Shwe War explained about his brother in moderate detail. | 马恩·施韦·华 (Maung Shwe War) 详细介绍了他的兄弟. |
မိမိကြုံတွေ့နေရသော ဒုက္ခကို အနုလုံပဋိလုံ စဉ်းစားပြန်သည်။ | He reconsidered the suffering he was experiencing from all angles. | 他从各个角度重新考虑他所经历的痛苦. |
ဥပမာအနေနဲ့၊ natural language processing မှာ machine learning algorithms တွေကို စာသား၊ စကားပြောနဲ့ တခြားလူသားဆက်သွယ်မှုပုံစံတွေကို ခွဲခြမ်းစိတ်ဖြာဖို့နဲ့ နားလည်ဖို့ အသုံးပြုနိုင်ပါတယ်။ | For example, in natural language processing, machine learning algorithms can be used to analyze and understand text, speech, and other forms of human communication. | 例如,在自然语言处理中,机器学习算法可以用于分析和理解文本,语音和其他形式的人类沟通. |
မင်းကတော် စိုးကတော်များသည် မမကို ကြည့်၍ အလှ ပြင်တတ်ကြသည်။ | The queens and consorts would look at the older sister and apply makeup. | 皇后和伴侣会看着姐姐,并涂上化. |
သို့ရာတွင် ကျွန်တော့်အား ဤသို့ ခေါ်မည့်သူ တစ်ယောက်မျှ မရှိ။ | However, there is no one who would call me this. | 然而,没有人会这样称呼我. |
သို့ သော်လည်း အဘိုးကြီး၏ဒေါသကြောင့် ကြောက်လန့်သွားပုံရ ၏။ | However, they seemed to be frightened by the old man's anger. | 然而,他们似乎害怕老人的愤怒. |
အစိုးရ လူများနှင့်တွေ့လျှင်လည်း တိမ်းရှောင်ခြင်း မပြုချေ။ | He does not avoid meeting government officials either. | 他也没有回避与政府官员会面. |
ဗိုလ်ရိုင်းတို့ အခြေအနေနဲ့ တို့များ အခြေအနေက မတူဘူးကွယ့်။ | The situation of Bo Yaing and his men is not the same as ours. | 波和他的情况与我们的情况不一样. |
စနေမောင်မောင်သည် ရွာသူကြီးနှင့်အဆင်ပြေအောင် စကားပြော နေ၏။ | Saturday Maung Maung was talking to the village headman to smooth things over. | 周六马正在与村庄长交谈, |
နီကိုလေသည် လက်ကိုသေချာစွာ ငုံကြည့်ကာ သွေးရှိ မရှိကြည့်၏။ | Nikolai carefully looked down at his hand to check for blood. | 尼古拉伊仔细地看着他的手来检查是否有血液. |
သူ ဟိုးအရင်က အဲဒီလို ကကျိုးကကြောင်တွေ လုပ်တတ်တာ မဟုတ်ဘူး။ | He didn't used to do such crazy, erratic things before. | 他以前从来没有做过这么疯狂,不稳定的事情. |
ကလေးမကို စူးစမ်းသည့် မျက်လုံးများဖြင့် ဂျူးဒစ် ကြည့်နေသည်။ | Judith was looking at the girl with scrutinizing eyes. | 朱迪思用审视的眼睛看着女孩. |
ကြိုးကြာရွာတွင် သူရောက်ရှိသည်မှာ လေးရက်ရှိသွားပြီ ဖြစ်သည်။ | It has been four days since he arrived in Kyo Kya Village. | 他来到Kyo Kya村已经四天了. |
အချို့ မိမိတို့လှေကို ယုံ၍ စည်းစိမ်ပြုတ် လောင်းကြသည် ဟူ၏ ။ | It is said that some people, trusting their boat, bet all their wealth. | 据说有些人相信他们的船, |
ရှေးခေတ်နက္ခတ္တဗေဒ ပညာရှင်တို့က နေနှင့် ကြယ်တို့သည် ကမ္ဘာကိုလှည့်ပတ်၍ သွားလာနေသည်ဟု ထင်မြင်ယူဆကြသည်။ | Ancient astronomers thought the sun and stars revolved around the Earth. | 古代天文学家认为太阳和星星围绕地球旋转. |
သေတဲ့လူ ဖြောင့်ဖြောင့် မသေရအောင် ရှင်တို့ လုပ်နေ ကြတာလား။ | Are you doing this so the dying person cannot die peacefully? | 你这样做是为了让即将死去的人不能安静地死去? |
တရားရုံးလောကတွင် အထူး ဆန်းဆုံး အဖြစ်တစ်ခုနှင့်ကြုံကြရသည်။ | They experienced one of the strangest occurrences in the world of the courthouse. | 他们经历了法庭世界中最奇怪的事件之一. |
သို့ရာတွင် တစ်နာရီလောက် လုပ်မိလျှင် ကာရင်း မလုပ်နိုင်တော့။ | However, after doing it for about an hour, Karin could no longer do it. | 然而,在这样做了大约一个小时后,卡琳再也不能这样做了. |
ဗဟိုထုအတွင်းရှိ ဟိုက်ဒရိုဂျင်လောင်စာများ ကုန်ဆုံးသွားသောအခါတွင် နေ၏ဒြပ်ထုထက် ၁၀ ပုံ ၄ ပုံမျှရှိသောကြယ်များသည် ဧရာမ ကြယ်နီ အဖြစ် ပြောင်းလဲသွားကြသည်။ | When the hydrogen fuel in the core is exhausted, a star with at least 0.4 solar masses expands to become a red giant. | 当核心中的燃料耗尽时,至少太阳质量为0.4的恒星会膨胀成为红巨星. |
ငြိမ်းငြိမ်းထွန်းကိုတော့ စောစောက လူအုပ်ထဲမှာ မြင်လိုက်တယ်။ | I saw Nyein Nyein Tun in the crowd earlier. | 我早些时候在人群中看到Nyein Nyein Tun. |
သူသာ ပြောထွက်ခဲ့မယ်ဆိုရင် အခုလို စာရေးလာမှာတောင် မဟုတ်ဘူး | If he had been able to speak it out, he wouldn't even be writing a letter like this now. | 如果他能说出来的话, 他就不会写这样的信了. |
သက်ဆိုင်ရာ အာဏာပိုင်များထံမှ ဂရန်ဖြင့် မြေများကို ယူကြသည်။ | They obtained the lands with grants from the relevant authorities. | 他们用有关当局的补贴获得了土地. |
လိုင်စင် ပလိတ်ပြားများက အရပ်ဒေသ မျိုးစုံကို ဖော်ပြနေကြသည်။ | The license plates indicated various regions. | 车牌标志着不同的地区. |
ယန်ကီများထံမှ အခြား မည်သည့် အရာကို မျှော်လင့်ချင်သေးသနည်။ | What else could one expect from the Yankees? | 人们还能从洋基队中期望什么? |
အိမ်ထဲမှ စကားလက်၏ အမေ အယ်လင် အိုဟာရာ၏ အသံကိုလည်း ကြားရသည်။ | The voice of Scarlett's mother, Ellen O'Hara, could also be heard from inside the house. | 斯卡莱特的母亲埃伦·奥哈拉的声音也可以从房子里听到. |
ညဉ့်ငှက်သည် မြစ်ကိုစုန်ကာ ညဉ့်သုံးယံတေးကို ကျူးရင့်ရှာသည်။ | The nightingale flew down the river, singing the song of the three watches of the night. | 这只夜飞到河边,唱着夜间三夜的歌. |
ခဏကြာတော့ ဖရစ်နှင့် ရောဘတ် ဝင်လာပြီး လက်ဖက်ရည် ယူလာပေးသည်။ | After a while, Fred and Robert came in and brought tea. | 之后,弗雷德和罗伯特进来带来了茶. |
ဘာဖြစ်လို့လဲဆိုတာ ကိုယ်တိုင်လည်း ရေရေရာရာ ရှင်းမပြတတ်ဘူး။ | I myself can't clearly explain why. | 我自己无法清楚地解释为什么. |
အာကာ၏ အခြေအနေကိုကြည့်၍ မြင်းဇောင်းမှ ထွက်လာချိန် ဖြစ်သည်။ | It was time to leave the stable after observing Arkar's condition. | 在观察阿卡尔的状况后, |
ပြန်စဉ်းစားကြည့်တော့ မင်းလက်က စားပွဲပေါ်မှာ ထောက်ထားတယ်လေ။ | When I rethink it, your hand was resting on the table. | 当我重新思考的时候, 你的手躺在桌子上. |
ငါ သူ့ကို ကြာကြာတွေ့ဖူးသေးတာ မဟုတ်တော့ မပြောတတ်သေးပါဘူးကွာ | I haven't met him for long, so I can't say, man. | 我没见过他很久,所以我不能说. |
အပင်လေးတွေက ဝိုင်းဝိုင်းပြေပြေနှင့် အနိမ့် အမြင့် ညီညာသည်။ | The plants were round and smooth, and the height was uniform. | 植物是圆的,光滑的,高度均. |
သို့သော်လည်း ညဘက်တွေ ဆိုလျှင်တော့ တစ်မျိုးတစ်ဘာသာ ဖြစ်၏။ | However, at night, it is a different matter. | 然而,在晚上,情况是不同的. |
ဒါပေမဲ့ စကားဝိုင်းကို စိုပြည်အောင်လုပ်နေမှန်းလည်း မသိရဘူး။ | But I didn't even realize I was trying to enliven the conversation. | 但我甚至没有意识到, |
လအတန်ကြာ ရှင်းလင်းနေခဲ့သော အဓိပတိလမ်းမှာ စည်ကားစ ပြုပြီ။ | The main road, which had been quiet for months, began to bustle with activity. | 大道已经静静了几个月,开始充满活动. |
ပုံမှန်နှုန်းဆိုလျှင် တစ်ထောင် ဆယ့်နှစ်ကျပ်ထက် ပိုမရနိုင်။ | At the normal rate, one could not get more than twelve kyats per thousand. | 在正常的价格下,一个人不能得到超过一千个十二基亚特. |
ဒီတောင်ကို သူဖြတ်ကျော်နိုင်သလို သားလေး ဖြတ်ကျော်နိုင်ပါစေ။ | May my son be able to overcome this mountain, just as he did. | 愿我儿子能够像他一样克服这座山. |
ကျွန်တော် ကြော်ငြာတဲ့ ကားကိုမှဝယ်ချင်လာအောင် ဆွဲဆောင်မယ်။ | I will persuade them to want to buy the car I advertise. | 我会说服他们购买我宣传的汽车. |
မြို့တော်ဝန် ဂေးလ်နှင့် ရဲမင်းကြီးကလိုက်ဆယ်လာလည်း ရောက်လာ၏။ | Mayor Gail and Police Chief Lacella also arrived. | 盖尔市长和拉塞拉警察局长也抵达. |
ဘယ်နေရာမှာ အကောက်ဆို တာ မျက်စိမှိတ်ထားလျှင်တောင် အလွတ်ရ၏။ | He knew exactly where the bends were, even with his eyes closed. | 他知道曲线在哪里,即使闭上眼睛. |
ပါရီစံတော်ချိန်ကို ပြသည့် စားပွဲတင်နာရီတလုံးတို့ ရှိကြသည်။ | There was a desk clock showing Paris standard time. | 一个桌子钟显示了巴黎标准时间. |
ယခုတော့ဖြင့် အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး မိခင်ရော။ | Now, she has successfully given birth, and the mother too. | 现在,她已经成功分娩了, |
အဲဒါ ကျွန်တော်တို့ မြက်ခင်းပြင်ပဲလို့ ဆရာ ဆိုလိုချင်တာလား | Is the Master implying that it's our lawn? | 主人暗示这是我们的草吗? |
မြန်မာစကား တတ်သူ ရှားပါးလှကာ မေးသမျှ ငြင်းကွယ်နေကြကုန်သည်။ | Those who spoke Burmese were rare, and they all denied everything they were asked. | 那些说缅甸语的人很少, |
End of preview. Expand in Data Studio
README.md exists but content is empty.
- Downloads last month
- 12