Dataset Viewer
Auto-converted to Parquet Duplicate
text
stringlengths
50
9.65k
ကျွန်တော် နည်းနည်း အရွယ်ရလာတော့ ရတဲ့ အချိန်လေးတွေမှာ မေမေဟာ အိမ်နားက မြစ်ထဲကို သွားပြီး ငါးမျှားလေ့ ရှိပါတယ်။
ကျွန်တော် အဲဒီ ငါးဆွပ်ပြုတ်ကို မိန်ရည်ရှက်ရည်သောက်ရင်း အသားတွေကို စားနေတုန်း မေမေက ဘေးကနေ ထိုင်ပြီး ကျွန်တော် စားလို့ ကျန်တဲ့ ပန်းကန်ထဲက အရိုးမှာ ကပ်နေတဲ့ အသားစလေးတွေကို စားနေပါတယ်။
ချမ်းအေးလွန်းတဲ့ ဆောင်းည တစ်ညမှာ ကျွန်တော် တစ်ရေးနိုးလာတော့ မေမေဟာ ဖယောင်းတိုင် မီးကလေးနဲ့ မီးခြစ်ဆံတွေ ဖြည့်နေတုန်းဘဲ ရှိသေးတယ်။
မေမေက ကျွန်တော့်ကို ဆီးဖက်လိုက်ပြီး ဓာတ်ဗူးထဲမှာ ထည့်လာတဲ့ လ္ဘက်ရည်ကို ခွက်ထဲ ငှဲ့ပြီး ကျွန်တော်သောက်ဖို့ ပေးတယ်။
နေပူထဲ ရပ်နေလို့ ချွေးတွေထွက်နေတဲ့ မေမေ့ကို ကြည့်ပြီး ကျွန်တော်ရဲ့ လ္ဘက်ရည်ခွက်ကို မေမေ့ကို ကမ်းပေးလိုက်ပြီး အတူတူ သောက်ဖို့ ပြောတော့ မေမေက သားဘဲ သောက်စမ်းပါ သားရယ်။
ဒါက မေမေရဲ့ ၄ ကြိမ်မြောက် လိမ်ညာမှု ကျွန်တော်တို့ အဖေဆုံးသွားတော့ မေမေ တစ်ယောက်တည်း ဖခင်နေရာကရော အမေနေရာကနေပါ အိမ် တာဝန်ထမ်းရပါတော့တယ်။
အဲဒီတော့ ကျွန်တော်တို့ အိမ်နားမှာနေတဲ့ သဘောကောင်းတဲ့ ဦးလေးကြီးတစ်ယောက်က မကြာခန ရောက်ရောက်လာပြီး ကျွန်တော်တို့အိမ်ရဲ့ ပြဿနာ ကြီးကြီးသေးသေး မှန်သမျှ အကုန် သူဘဲ ဖြေရှင်းပေးပါတယ်။
ကျွန်တော် ပြန်လုပ်ကျွေးဖို့ အချိန်ဘဲဆိုပြီး မေမေ့ကို အလုပ်မလုပ်တော့ဖို့ပြောပေမဲ့ မေမေက မနက်တိုင်း ဈေးထဲမှာ ဟင်းသီး ဟင်းရွက်လေးတွေ ရောင်းတုန်းဘဲ။
ကျွန်တော် အလုပ်လုပ်နေတဲ့ အမေရိကား ကော်ပိုရေးရှင်းရဲ့ အထောက်အပံ့နဲ့ မာစတာဒီဂရီ ရဖို့ အချိန်ပိုင်း ကျောင်းတက်ပါတယ်။
မာစတာဘွဲ့ ရပြီးသွားတော့ ကျွန်တော် လစာတော်တော်များများ တိုးလာတော့ မေမေ့ကို ခေါ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ မေမေက ကျွန်တော် အလုပ်ရှုပ်မှာ ကရိကထများမှာကို မလိုလားတဲ့အတွက် ကျွန်တော် ခေါ်တာကို ငြင်းပါတယ်။
ပိန်လှီပြီး အားနည်းဖျော့တော့နေတဲ့ မေမေရဲ့ ရုပ်က ကျွန်တော် ငယ်ငယ်က မေမေ့ရဲ့ ရုပ်နဲ့ ဘယ်လိုမှကို မတူတော့ဘူး။
ဒီဇာတ်လမ်းလေး ဖတ်ပြီးတော့ သားသမီးတွေအပေါ် ထားတဲ့ အမေတွေရဲ့ စုန်ရေမေတ္တာလေးကို နက်နက်နဲနဲ သဘောပေါက်မိပါတယ်။
သားသမီးတွေကို ချစ်ခြင်း အားဖြင့် လိမ်ညာတဲ့ အတွက် အမေတွေရဲ့ မုသားက အင်မတန်မှ လေးစားထိုက်တဲ့ ကိုယ်ကျိုးမပါတဲ့ အဖြူရောင် မုသားတွေပါ။
ကျွန်မတို့ အမေတွေရဲ့ မုသားလေးတွေ ဒီလောက ကမ္ဘာကြီးကနေ မပျောက်ကွယ်ခင်မှာ အချိန်မှီလေး ပြန်လည် ပေးဆပ်နိုင်ဖို့ ကြိုးစား ကြပါစို့လားရှင်။
ဒီလထဲမှာ အိမ်ကို လူအိုလူမင်း ၊ ကျန်းမာရေး ချို့ယွင်းနေသူများ လာရောက်တည်းခိုလျှင် ကံမကောင်းလှတဲ့ နိမိတ် ဖြစ်တယ်။
နာမည်မှာ နာမည်မှာ တနင်္ဂနွေ စ, ပြီး စနေ ဆုံးသူများ နှင့် ကြာသပတေး ဆုံးသူများ ယခုလ နှင့် ကျန်းမာရေး ညံ့ခြင်းများ၊ အိမ်ထောင်ရေး ပြဿနာများ ဖြစ်ကိန်း ရှိနိုင်တယ်။
နာမည်မှာ တနင်္လာ စ, ပြီး တနင်္ဂနွေ နှင့် အင်္ဂါ ၊ စနေ ပိတ် ထားသူများ ဒီလထဲမှာ အထူးကောင်းစားကိန်း ရှိပါတယ်။
ဥပဒေ နဲ့ မလွတ်ကင်းတဲ့ စီးပွားရေးမျိုး လုပ်နေသူများ ငွေများများဝင်ကိန်း ရှိပေမယ့် ဥပဒေနဲ့ ညိစွန်းကိန်းလည်း ရှိနေတယ်။
နေရာထိုင်ခင်း အပြောင်းအလဲ ၊ အလုပ်အကိုင် အပြောင်းအလဲများ ရှိနိုင်ပြီး ဒီလို အပြောင်းအလဲ ရှိရင် အနည်းငယ် အဆိုးသက်သာခွင့် ရှိမယ်။
ဒီလထဲမှာ ဝင်တဲ့ ငွေကြေး လာဘ်လာဘဟူသမျှ မသန့်ရှင်းတဲ့ ငွေဖြစ်ရင် ထောင် ၊ အချုပ် များနှင့် အလွန်နီးစပ်လှတာကိုတော့ အထူး သတိပေးလိုပါတယ်။
ဗုဒ္ဓဟူးသားသမီးများအတွက် ယခုလဟာ ကံကောင်းမှုတွေ ၊ ကံညံ့မှုတွေ အရောရော အထွေးထွေး ဖြစ်နိုင်တဲ့ လ, တစ်လဘဲ ဖြစ်ပါတယ်။
တစ်ချို့ ဗုဒ္ဓဟူးသားများအတွက် ယခုလမှာမှ လုပ်ငန်းသစ်များ စ, တင်ဖွယ် ရှိပြီး ဒီလုပ်ငန်းဟာလည်း အလွန်အောင်မြင် တိုးတက်ဖို့ ရှိတယ်။
(ဝါတွင်း အိမ်ထောင်မပြုရ ဆိုတာကို မယုံကြည်သူများ ဗုဒ္ဓဘာသာမဟုတ်သူများ) ယခုလမှာ အိမ်ထောင်ကျဖို့ အခွင့်အလမ်း အလွန်များတယ်။
ဟော်တယ် ၊ ခရီးသွားလာရေး ၊ စားပွဲရုံများ ၊ လူထု ဖျော်ဖြေရေးလုပ်ငန်း လုပ်သူများ ၊ အမျိုးသမီး အလှအပဆိုင်ပစ္စည်းများ ထုတ်လုပ် ရောင်းဝယ်သူများ ၊ ယာဉ်ကား ရောင်းဝယ်သူများ အထူးအကျိုးများနိုင်တယ်။
နာမည်မှာ ဗုဒ္ဓဟူး စ, ပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး နဲ့ စနေနံတွေ နဲ့ ပိတ် ထားသူများ ကျန်းမာရေး ပြဿနာ သော်၎င်း ၊ လိင်ကိစ္စနဲ့ ပတ်သက်ပြီး နာမည်ပျက်မှုသော်၎င်း ကြုံနိုင်တယ်။
အိုးအိမ် နေရာ ပြောင်းလဲခြင်း ၊ အလုပ်အကိုင်ပြောင်းလဲခြင်း ၊ ဘဝအဆင့်အတန်း ပြောင်းလဲခြင်းများကြုံတွေ့နိုင်တယ်။
ဒီလမှာ ကြာသပတေးသားသမီးများဟာ မိမိကိုယ်တိုင်သော်၎င်း ၊ မိမိအိမ်ထောင်ဘက်သော်၎င်း ကျန်းမာရေး ညံ့ဖျင်းမှုနဲ့ ကြုံနိုင်တယ်။
နဂိုကတည်းက အိမ်ထောင်ရေး အရှုတ်အထွေးရှိပြီး လျှို့ဝှက်ထားသူများ ယခုလ မှာ မိမိဖုံးကွယ်ထားတဲ့ အိမ်ထောင်ရေး အရှုတ်ထုတ် ဗူးပေါ်သလို ပေါ်သွားနိုင်တယ်။
ကြာသပတေး သားသမီးများ ဒီလထဲမှာ ကံနည်းနည်း နိမ့်ဖွယ်ရှိလို့ တစ်ဖက်သားကို ရန်ရှာတဲ့ အပြုအမူများ ၊ မယုံသင်္ကာဖြစ်မှုများကို ချုပ်တီးထားပါ။
ဒီလအတွက် ကောင်းတာ တစ်ခုက အလုပ်လျှောက်ထား သူများ ၊ အလုပ် အပြောင်းအရွှေ့အတွက် စာတင်ထားသူများတော့ အဆင်ပြေလိမ့်မယ်။
နာမည်မှာ ကြာသာပတေး စ, ပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ သောကြာ နဲ့ စနေနံတွေ နဲ့ ပိတ် ထားသူများ ကျန်းမာရေး အလွန်ညံ့ဖွယ်ရှိပြီး အိမ်ထောင်ရေး ပြဿနာတွေလည်း ကြုံနိုင်တယ်။
ယတြာကတော့ မွေးနေ့တစ်နေ့မှာ သံဃာတော်တွေကို မုန့်ဖက်ထုပ်များကပ်လှူပေးပြီး ထိုနေ့မှာဘဲ အိမ်ကဘုရားမှာ လဘ္ဘက်သုပ် နဲ့ ဆွမ်းကပ်လှူပေးပါ။
ဒီလဟာ ခရီးသွားလာမှု လုပ်ငန်းများ ၊ အကျိုး ဆောင် ပွဲစားလုပ်ငန်းများ လုပ်ကိုင်သူများအတွက် အထူးကောင်းမယ့် လ, ဖြစ်တယ်။
စီးပွားရေး လုပ်ငန်းရှင်များအတွက် ဒီလထဲမှာ ဝန်ထမ်းများရဲ့ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရဖွယ် ရှိနေပါတယ်။
သို့မဟုတ်ရင် အိုးအိမ် ၊ ဆောက်လုပ်ရေး ၊ ရောင်းဝယ်ရေး လုပ်ငန်းများကြောင့် အကျိုးကျေးဇူး ခံစားရဖို့ ရှိပါတယ်။
ဒါပေမယ့် အိမ်ထောင်မကျသေးသူ လူပျို လူလွတ်များ ယခုလမှာ ရုတ်တရက် အိမ်ထောင်ကျကိန်း ၊ လက်မှတ်ထိုးရကိန်းများ ရှိပါတယ်။
မိန်းမရှုပ်သူ ယောင်္ကျားပျိုများ မလည်ရှုတ်လုပ်ရာကနေ မယူချင်ဘဲ ယူလိုက်ရတဲ့ ကိစ္စမျိုး ကြုံရဖွယ် ရှိပါတယ်။
နာမည်မှာ စနေ စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ဆုံးသူများ ဒီလ, မှာ အထူးကောင်းမွန်တဲ့ အခွင့်အရေး နဲ့ ကံကြမ္မာတွေ ရရှိ နိုင်တယ်။
နာမည်မှာ စနေ စ, ပြီး သောကြာ ၊ စနေ ၊ တနင်္ဂနွေ ဆုံးသူများ ဒီလထဲမှာ အိမ်ထောင်ရေးပြဿနာ ၊ မတော်တဆ ထိခိုက်မှု နဲ့ အလုပ်ရာထူး ထိခိုက်မှုများ ဖြစ်နိုင်ချေရှိတယ်။
ယတြာကတော့ အုန်းသီး နဲ့ ထန်းလျှက်ကို အတူတွဲပြီး ဘုရားဆွမ်းတော်ကပ်ရာမှာ အချိုပွဲအဖြစ် ရောထည့် ကပ်လှူပေးပါ။
မြန်မာယနေ့ ဘလော့ပေါ်မှာ ၂၀၁၀ ခုနှစ် မြန်မာပြည် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လာရောက် လည်ပတ် သူတွေရဲ့ သဘောထား အမြင်တွေကို သိရအောင် ဆာဗေး တစ်ခု တင်ထားပါတယ်။
ညှပ်မနေနဲ့တော့ နင် ဆံပင်ရှည်တဲ့ပုံမမြင်ဖူးသေးတော့ ဘယ်လိူုနေမလဲ မြင်ဖူးချင်လို့ း)ဒီကဗျာက လွမ်းရမယ့် ကဗျာကို နှောင့်သွားတာမဟုတ်ဘူးနော် စိတ်များ ပြောင်းလေမလားလို့ စ သွားတာ။
ကျွန်တော်တို့ မရောက်သေးတဲ့ ပန်းတိုင်ကို စစ်အာဏာရှင်တွေကနေ ဘယ်လို နည်းပရိယာယ်နဲ့ပဲ ကျင့်သုံးကျင့်သုံး ကျွန်တော်တို့ သတိရှိဖို့ လိုတယ်။
ရှစ်လေးလုံး အခမ်းအနားကို တရုတ် မြန်မာနယ်စပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ရဲ့ မြောက်ပိုင်း ကျောင်းသား တပ်မတော်ဌာနချုပ်မှာလည်း စစ်ရေး တင်းမာနေတဲ့ကြားကနေ ကျင်းပကြပါတယ်။
အလားတူပဲ ကချင်ပြည်နယ် မိုးကောင်းမြို့ အင်န်အယ်ဒီ အဖွဲ့ဝင်တွေကလည်း ၈ လေးလုံးမှာ ကျဆုံးသွားသူတွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှု အလှူဒါနများ ပြုလုပ်ကာ ၈ လေးလုံး အခမ်းအနားကို ကျင်းပကြကြောင်း အင်န်အယ်လ်ဒီ အဖွဲ့ဝင် ကိုဝင်းအောင်က ပြောပါတယ်။
အိန္ဒိယမြို့တော် နယူးဒေလီ ဂျန်တာမန်တာ ပန်းခြံရှေ့မှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် () ကနေ ဦးဆောင်ပြီး နယူးဒေလီရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေ အယောက် ၅၀ ကျော်တို့က ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။
၈၈ အရေးတော်ပုံ ၂၄ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ကျွန်တော်တို့က ၈၈ ရဲ့ ရည်မှန်းချက် အစစ်အမှန်ဖြစ်တဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆိုတဲ့ ရည်းမှန်းချက်တွေကို ပြန်လည်ဖော်ထုတ်တာပါပဲ။
ကျွန်တော်တို့ ၈၈ တုန်းက ရည်မှန်းခဲ့တဲ့ လူတွေ အသက်ချွေး ထောင်သောင်းချီပြီးတော့ အသက်ဆုံးရှုံးခံခဲ့တဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ရည်မှန်းချက်ကို ပြည့်မီနိုင်ခြင်းမရှိဘူး။
အလားတူ အိန္ဒိယအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာလည်း ၈ လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် စကားဝိုင်းနဲ့ ပန်းချီပြပွဲကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ရသ စာပေတွေ ဈေးကွက်မှာ အားနည်းလာတယ် ဆိုကြပေမဲ့ အချစ်ဝတ္ထု များကတော့ ပန်းပန်လျက်ပါ အခြေအနေမှာ ရှိပါတယ်။
အချစ်ဝတ္ထု ရေးနည်း ၁၀၁ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာရေးဆရာမ ရေဗက္ကာယော့ခ်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလထုတ် မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ဆောင်းပါးကို ဒီလ စာပေဆောင်းပါး စိတ်ဝင်စားသူများ အတွက် ဖော်ပြ ပေးလိုက်ပါတယ်။
၁၉၈၀ ပြည့်နှစ်များကတည်းက စာပေလောကမှာ ရောင်းအား အကောင်းဆုံး ဝတ္ထုများ အဖြစ် ရပ်တည်ခဲ့တဲ့ အချစ်ဝတ္ထုများ ဈေးကွက်က ပြောင်းလဲ လာပါတယ်။
အခြေခံ အချက်အလက်များက မပြောင်းလဲဘဲ ရှိခဲ့ပေမဲ့ ဇာတ်ကောင် စရိုက်များ၊ ဇာတ်အိမ်တည် ဆောက်ပုံများက အချစ် ဝတ္ထုများမှာ ဘယ်သူမှ မျှော်လင့် မထားတဲ့ ပုံစံမျိုး ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။
ကျွန်မက အချစ် ဝတ္ထုများနဲ့ ပတ်သက်ပြီး ပြောလေ့ပြောထ ရှိခဲ့တာက အချစ်ဝတ္ထု ဆိုတာ ယောကျ်ား တစ်ယောက်နဲ့ မိန်းမတစ်ယောက် ပေါင်းသင်း ဆက်ဆံရေး အခြေအနေ တိုးတက် ပြောင်းလဲလာမှုကို ဖော်ပြတာပဲ ဖြစ်တယ်လို့ ဆိုခဲ့တာပါ။
ဒါပေမဲ့ ဒီနေ့ခေတ် အချစ်ဝတ္ထုများကတော့ ယောကျ်ား တစ်ယောက်နဲ့ မိန်းမတစ်ယောက် ချစ်ကြတဲ့ ဇာတ်လမ်းမျိုးသာ မကတော့ဘဲ မိန်းမ တစ်ယောက်နဲ့ ပုတ်သင်ညိုကလေး တစ်ကောင် သံယောဇဉ် နှောင်ဖွဲ့တာမျိုးလည်း ဖြစ်လာပါတယ်။
အဲဒါအပြင် ဒီနေ့ ရေးနေကြတဲ့ အချစ်ဝတ္ထုများက ယောကျ်ားနှစ်ယောက် သို့မဟုတ် မိန်းမနှစ်ယောက် ချစ်ကြတဲ့ ဇာတ်လမ်းတွေလည်း ရေးဖွဲ့လာကြပါတယ်။
အမေရိကန် ပြည်ထောင်စု အချစ်ဝတ္ထု စာရေးဆရာများ အဆိုအရ ၂၀၀၇ ခုနှစ်မှာ အချစ်ဝတ္ထုများ ရောင်းရတဲ့ ဝင်ငွေဟာ ဒေါ်လာ ၁၃၇၅ ဘီလီယံ ရှိပြီး သည်းထိတ်ရင်ဖို ဝတ္ထုများက ဒေါ်လာ သန်း ၆၅၀၊ စာပေဆိုင်ရာ ဝတ္ထုများ ရောင်းရငွေက ဒေါ်လာ ၄၆၆ သန်းသာ ရှိပါတယ်။
ဒီကိန်းဂဏန်းတွေကို လေ့လာကြည့်မယ်ဆိုရင် အချစ်ဝတ္ထု စာရေးဆရာများအတွက် အခွင့်အလမ်းက အများကြီး ကောင်းနေပါတယ်။
အချစ်ဝတ္ထုများကို ဖတ်ရတာ စိတ်ချမ်းသာတယ်၊ စိတ်ကြည်နူးတယ်၊ စိတ်ဝင်စားတယ် ဆိုတဲ့သူများသာ အချစ်ဝတ္ထု ရေးဖို့ ကြိုးစား စေချင်ပါတယ်။
လျှို့ဝှက်သည်းဖိုဝတ္ထုများမှာတော့ တရားခံနဲ့ ဥပဒေဘက်တော်သားတို့ ဉာဏ်ရည်ချင်း ယှဉ်ပြိုင်ကြပြီး နောက်ဆုံးမှာ ဥပဒေ ဘက်တော်သားက အနိုင်ရကာ ဇာတ်သိမ်းလေ့ ရှိပါတယ်။
လျှို့ဝှက်သည်းဖို ဝတ္ထုများကိုဖတ်တဲ့ ပရိသတ်တွေက သူတို့မှာ အတော်အတန် စာဖတ်သက် ရှိကြပြီး မှုခင်း ကျူးလွန်သူက ဘာလုပ်မယ်၊ ဥပဒေ ဘက်တော်သားက ဘာလုပ်မယ် ဆိုတာတွေကို ခန့်မှန်း တတ်ကြပါတယ်။
ထိုနည်းတူစွာပဲ အချစ်ဝတ္ထု ဖတ်သူများကလည်း အချစ်ဝတ္ထုတွေချည်း တစိုက်မတ်မတ် ဖတ်ခဲ့ကြသူတွေ ဖြစ်တာကြောင့် တော်ရုံတန်ရုံ ဇာတ်လမ်းဆိုရင် ရှေ့ဆက် ဘာဖြစ်မယ် ဆိုတာကို ခန့်မှန်း နိုင်ကြပါတယ်။
ကျွန်မ အတွေ့အကြုံ အရ အချစ်ဝတ္ထု ဖတ်သူ အများစုဟာ မိန်းမစာဖတ် ပရိသတ်များ ဖြစ်ပြီး သူတို့ မမျှော်လင့်တဲ့ ဇာတ်ကွက်မျိုးကို စာရေးဆရာက ဖန်တီးနိုင်မှသာလျှင် အောင်မြင်တဲ့ အချစ်ဝတ္ထု ဖြစ်မှာပါ။
ဥပမာ နိုရာရောဘတ်စ် ဖတ်သူက နိုရာရဲ့ဝတ္ထုများကို အစဉ်တစိုက် ဖတ်ပြီး ဂျူလီဂါဝုဒ် ဝတ္ထု ဖတ်သူများကလည်း ဂျူလီရဲ့ ဝတ္ထုကိုသာ ဖတ်တတ်ပါတယ်။
ဒါ ကြောင့် ကိုယ်က အချစ်ဝတ္ထု ရေးမယ် ဆိုရင် သူတို့ထက် ကောင်းတဲ့ဇာတ်အိမ် ဖွဲ့နိုင်သူဖြစ်ဖို့ လိုအပ်ပါတယ်။
ရိုးရိုးတန်းတန်း အချစ်ဝတ္ထုများကတော့ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး တို့ရဲ့ အချစ်ကို ဖော်ကျူးတဲ့ ဝတ္ထုများ ဖြစ်ပါတယ်။
တချို့ စာရေးဆရာများက ဒီနေ့ခေတ်ကို ရေးဖွဲ့တာ ဖြစ်ပေမဲ့ တချို့က သမိုင်းနောက်ခံ အချစ် ဝတ္ထုများကို ရေးကြတာတွေလည်း ရှိပါတယ်။
ပထမဆုံး လုပ်ရမယ့် အလုပ်ကတော့ အချစ်ဝတ္ထု ရေးတော့မယ် ဆုံးဖြတ်တဲ့ အတွက် လုံးချင်း အချစ်ဝတ္ထုတွေ ထောင်နဲ့ချီပြီး ဖတ်ဖူးသူ ဖြစ်ရပါမယ်။
အထက်မှာ သရုပ် ခွဲထားတဲ့ ဝတ္ထု အမျိုးအစားတွေထဲက ဘယ်လို အမျိုး အစားကိုပဲ ရေးမှာဖြစ်စေ၊ ဇာတ်ကောင်များရဲ့ အဖြစ်အပျက်ကတော့ အဓိကအာ ရုံစိုက်ရမယ့် ကိစ္စဖြစ်ပါတယ်။
ကိုယ်က သည်းထိတ်ရင်ဖို အချစ် ဝတ္ထုတစ်ပုဒ်ကို ရေးမယ်လို့စဉ်းစားရင် အန္တရာယ် ကြုံတွေ့နေရပြီး ချစ်သူရှိတဲ့ မိန်းမတစ်ယောက် အကြောင်း ရေးရုံနဲ့ မပြီးနိုင်ပါဘူး။
အန္တရာယ် ရင်ဆိုင်နေရတဲ့ ကြားကနေ အချစ်တွေ ပေါက်ဖွားပြီး ချစ် သွားကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ဇာတ်လမ်းသာ ဖြစ်ရပါမယ်။
တစ်ခါ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း ကိုပဲ အသားပေးနေပြန်ရင်လည်း ရေးတဲ့ ဝတ္ထုက သည်းထိတ်ရင်ဖို အချစ်ဝတ္ထု ဖြစ်မလာတော့ဘဲ တခြားစီဖြစ်သွားပါ လိမ့်မယ်။
ထိုနည်းတူစွာ ပထမဆုံး စာပိုဒ်က ကိုယ့် ဝတ္ထုကို အရောင် ပြောင်လက်လာအောင် တင်ပေးမယ့် စာပိုဒ်ဖြစ်ဖို့လည်း လိုအပ်တယ် ဆိုတာ သတိပြုရပါမယ်။
စာဖတ်သူကို ပထမ စာပိုဒ်နဲ့ ဖမ်းစားလိုက်နိုင် ရင် နောက်ဘာဖြစ်မှာလဲ ဆိုတာ စာ ဖတ်သူက အလိုလို စိတ်ဝင်စားလာပါ လိမ့်မယ်။
ဒါကြောင့် ကျွန်မ အမြဲ သုံးသပ်ဖြစ်တဲ့ အချက်ကတော့ ဒီအချက်အလက်တွေကို အခု ချက်ချင်းမပြောဘဲ နောင်ကျမှ ဝတ္ထုထဲ မှာ တဖြည်းဖြည်းချင်း ထည့်သွင်းသွား ရင်ကော မဖြစ်နိုင်ဘူးလား။
အယ်ဒီတာ ဆိုတဲ့ လူမျိုးက သူ့စားပွဲပေါ်မှာ စာမူတွေ တောင်ပုံယာပုံ ရှိတတ်တာဆိုတော့ အား လုံးထဲမှာ ကိုယ့်ဝတ္ထုကို ရွေးဖတ်ဖြစ် သွားအောင် ဆွဲဆောင်နိုင်ဖို့ လိုပါတယ်။
အနက်ရောင် ရှပ်အင်္ကျီ၊ အနက် ရောင် ဘောင်းဘီနဲ့ ပြောင်လက်တောက် ပနေတဲ့ အနက်ရောင် ရှူးဖိနပ်ကို စီးထား တယ်လို့ စခဲ့ပါတယ်။
၀တ္ထုအစကို အဲဒီလို စိတ်ဝင်စားစရာ ကောင်းလောက်တဲ့ စာ ပိုဒ်နဲ့ စလိုက်ပြီးတဲ့ နောက်မှာ စာဖတ်ပရိသတ် ငြီးငွေ့ မသွားရအောင် ဘယ်လို ဆက်ပြီး သယ်သွားမလဲ။
အဲဒီနောက် မှာတော့ ပျော်ရွှင်စွာ ပေါင်းကြလေသတည်း ဆိုရင်တော့ စာဖတ်ပရိသတ်က အချိန်ကုန်ခံပြီး ဒီဝတ္ထုမျိုးကို ဖတ်နေမှာ မဟုတ်ပါဘူး။
တကယ်လို့ ကိုယ်က သည်းထိတ် ရင်ဖို အချစ် ဇာတ်လမ်းကို ရေးမယ်ဆိုရင် ဒီဇာတ်လမ်းမှာ စိတ်ရောဂါသည် လူသတ်သမားများ၊ ဒုစရိုက်သမားများ၊ ပညာတတ် အန္တရာယ်များသော ပုဂ္ဂိုလ်များ စသည်တို့က သူ သို့မဟုတ် သူမ ကို ခြိမ်းခြောက်နေတာ ဖြစ်ပါမယ်။
ဒါပေမဲ့ ထိပ်တိုက်ရင်ဆိုင်မှု သို့ မဟုတ် ပဋိပက္ခက အချစ်ဝတ္ထုများမှာ မပါမဖြစ် လိုအပ်တဲ့ အချက်တစ်ခု ဖြစ် ပါတယ်။
အမျိုးသမီးဇာတ် ကောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားဖြစ်ပြီး အမျိုးသားဇာတ်ကောင်က တောမီးရှို့ကာ စိုက်ခင်းဖော်ဆောင်တဲ့ သူ ဖြစ်တယ်ဆိုရင် သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်မိကြပြီပေါ့။
ဒါမှမဟုတ် အမျိုးသမီးကလေးက စီးပွား ရေးလုပ်ငန်း ခပ်သေးသေးလေးတစ်ခု ကို ကြိုးစားလုပ်ဆောင်နေတဲ့သူဖြစ်ပြီး အမျိုးသားဇာတ်ကောင်ကတော့ ကျိကျိ တက်ချမ်းသာကာ စီးပွားရေးလုပ်ငန်း ကြီးတစ်ခုကို အမွေဆက်ခံထားသူ ဖြစ် မယ်ဆိုရင်လည်း သူတို့နှစ်ယောက် ထိပ် တိုက်ရင် ဆိုင်တွေ့မှာပါပဲ။
သို့သော် ခိုင်မာတဲ့ အချစ် ဝတ္ထုများမှာ စာဖတ်သူကို စိတ်လှုပ်ရှားမှု အပြည့်အ၀ ပေးတဲ့ ဇာတ်လမ်းများ ဖြစ်တယ် ဆိုတာကို သတိပြုသင့်ပါတယ်။
ဒီဇာတ်လမ်းမျိုးမှာ အတွင်းရော အပြင်ပါ ပဋိပက္ခတွေ ရှိတဲ့အတွက် စာဖတ်သူရဲ့ ရင်ထဲမှာ ဒီအမျိုးသား ဇာတ်ကောင်နဲ့ အမျိုးသမီး ဇာတ်ကောင်တို့ဟာ ဆုံ စည်းနိုင်မှာ မဟုတ်ဘူးလို့ ခံစားသွားရ အောင် ရေးဖွဲ့နိုင်ရပါမယ်။
အမျိုးသမီး ဇာတ်ကောင်ရဲ့ ခင်ပွန်းက ရဲတစ်ယောက် ရဲ့ မတော်တဆ ပစ်ခတ်မှုနဲ့ ကွယ်လွန် သွားခဲ့ရပြီး အမျိုးသားဇာတ်ကောင်က အဲဒီရဲကို ပစ်လိုက်တယ်ဆိုရင် ရှေ့ဆက် ရမယ့်ဇာတ်လမ်းက သူတို့နှစ်ယောက် ချစ်ကြလေသတည်းပေါ့။
ဒါပေမဲ့ အမျိုးသားဇာတ်ဆောင်က နောက်ကြောင်းတစ်စုံ တစ်ရာရှိတဲ့သူ ဖြစ်နေမယ် ဆိုရင် သူတို့နှစ်ယောက် ဒီအခက် အခဲကို ကျော်လွှားကြပုံများက အချစ် ဝတ္ထု ဖတ်နေတဲ့ စာဖတ် ပရိသတ်ကို ဆွဲဆောင်နိုင် ပါလိမ့်မယ်။
လူတွေလိုက် သတ်နေတဲ့ လူသတ်သမား တစ်ယောက် ဖော်ထုတ်ဖို့ အမျိုး သားဇာတ်ကောင် စုံထောက်ကို ငှားရမ်း လိုက်ကြတယ်။
၀တ္ထု စရေးတော့မယ်လို့ ရည်ရွယ် ကတည်းက ကိုယ့်ဇာတ်ကောင်တွေ ဟာ သက်ရှိများနဲ့မခြား လှုပ်ရှားမှုတွေ ရှိရပါတယ်။
ဒါကြောင့် ဇာတ်ကောင်ဖန် တီးမှုမှာ ဇာတ်ကောင်များရဲ့ စရိုက်ဟာ ပကတိ လူသားဆန်ရမှာ ဖြစ်ပြီး သုံးဖက်မြင် ရုပ်လုံးကြွလို ရှိနေရမှာ ဖြစ်ပါ တယ်။
အချစ်ဝတ္ထုများမှာ ဇာတ်ကောင် များရဲ့ အတွင်းစိတ်များက ချစ်ရမှာကို ကြောက်နေသူများ၊ သို့တည်းမဟုတ် ချစ်ကြောင်းဖွင့်ပြောရမှာကို စိုးရွံ့နေသူ များ ဖြစ်ပါမယ်။
ဇာတ်ကောင်များဟာ အကြောင်း တစ်စုံတစ်ခုကြောင့် ရင်ထဲမှာ ထိခိုက် နာကျင်နေကြပေမဲ့ အချစ်ရဲ့ခွန်အားနဲ့ ကုစားပြီး အရာရာကို ကျော်လွှားနိုင် ကြပါတယ်။
ကျွန်မ ဝတ္ထုများမှာတော့ အမျိုးသားဇာတ်ကောင်က အမြဲတမ်း ပြဿနာတွေဖြစ်ပြီး သူတစ်ယောက် တည်းရဲ့ အင်အားနဲ့ မကျော်လွှားနိုင်သူ ဖြစ်ပါတယ်။
ဆုရတဲ့ စာအုပ်တစ်အုပ် ဖြစ်တဲ့ စာရေးဆရာမ ရုသ်ဝင်းဒ်ရဲ့ မှာဆိုရင် အမျိုးသား ကလေးနဲ့ အမျိုးသမီးကလေးတို့ဟာ လက်ထပ်ပေါင်းသင်းနေထိုင်ကြဖို့ အတွက် ထွက်ပြေးပြီး အိမ်ထောင် ပြုကြပါတယ်။
မိန်းကလေးရဲ့ဖခင်က သူ့ သမီးကို ခင်ပွန်းသည်ဆီကနေ အတင်း အကျပ် ခွဲခွာစေပြီး မွေးလာတဲ့ ကလေးကိုလည်း မိဘမဲ့ ကလေးဂေဟာကို ပို့ လိုက်ပါတယ်။
နောင်နှစ်ပေါင်းများစွာ ကြာတဲ့ အခါ မြို့တစ်မြို့ထဲမှာ ဆုံမိကြပြီး ခံစား ခဲ့ကြရတဲ့ ဝေဒနာတွေကို ထုတ်ဖော် မပြောနိုင်ခဲ့ကြပါဘူး။
ကျွန်မ ဝတ္ထုတစ်ပုဒ် ဖြစ်တဲ့ ဆိုတဲ့ ဝတ္ထုမှာဆိုရင် အမျိုးသားလေးက အာဏာရှင် အုပ်ချုပ်တဲ့ နိုင်ငံ တစ်ခုမှာ နေပြီး တိတ်တခိုး မှတ်တမ်း ရုပ်ရှင်ကားတွေ ရိုက်ကူး နေပါတယ်။
ဒီလို သစ္စာဖောက်လိုက်ရခြင်း ဟာ သူ့အသက်ကို ကယ်ဖို့အတွက် လုပ်လိုက်ရခြင်း ဖြစ်ကြောင်း အမျိုးသား ကလေးက မသိခဲ့ပါဘူး။
ရလဒ်က တော့ အမျိုးသားကလေး ထောင်ကျ သွားပြီး နှိပ်စက် ညှဉ်းပန်းခံရတဲ့ အပြင် ပြည်နှင်ဒဏ်လည်း ပေးခံရပါတယ်။
End of preview. Expand in Data Studio

YAML Metadata Warning:empty or missing yaml metadata in repo card

Check out the documentation for more information.

Credits and Acknowledgments This dataset is built upon the foundational work of the Myanmar Spoken Corpus by freococo (Wynn).

Original Dataset Source: freococo/myanmar_spoken_corpus Modifications: * Curated and filtered for specific training needs of the ShweYon model. Re-formatted into 36 shards for optimized Continued Pre-training (CPT). We are deeply grateful to freococo for their contribution to the Myanmar AI community by providing this high-quality spoken corpus.

Downloads last month
5